OMPEA  နှင့် Trinity Nest တို့မှ ပူးပေါင်းစီစဉ်သည့် “ဒေသခံလူမှုရေးနှင့် စီးပွားရေး အတွေ့အကြုံခရီးစဉ်”

၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက် (သောကြာနေ့) တွင် OMPEA နှင့် Trinity Nest တို့ ပူးပေါင်းစီစဉ်သည့် ဒေသခံလူမှုရေးနှင့် စီးပွားရေး အတွေ့အကြုံခရီးစဉ်” တစ်ရပ်ကို စတင်ခဲ့ပါသည်။ အဆိုပါ ခရီးစဉ် သည် ChibaSosa Tako Area နေ့ချင်းပြန်ခရီးစဉ်ဖြစ်ပြီး၊ ဒေသခံလူမှုရေးနှင့် စီးပွားရေး လှုပ်ရှားမှုများကို တိုက်ရိုက်လေ့လာနိုင်ရန် ရည်ရွယ်သည့် ခရီးစဉ်ဖြစ်သည့်နည်းတူ၊ သဘာဝအလှအပ၊ ယဉ်ကျေးမှု အမွေအနှစ်များနှင့် Community-building အတွေ့အကြုံများကို အပြည့်အဝ ပေါင်းစပ်ပေးနိုင်ခဲ့သည့် ခရီးစဉ်လည်း ဖြစ်သည်ဟု ထင်မြင်မိပါသည်။

ထိုနေ့၊ နံနက် ၁၀ နာရီတွင် ခရီးစဉ်၌ လိုက်ပါမည့်သူများသည် Narita International Airport တွင် စုဝေးကာ ဘတ်စ်ဖြင့် ခရီးစဉ်ကို စတင်ခဲ့ကြပါသည်။

Iidaka Danrin – ရှေးအကျဆုံး ပညာရေး၏ ရင်းမြစ်ကို ပြန်လည်တွေ့ရှိခြင်း။

နံနက် ၁၀၃၀ နာရီတွင် ခရီးစဉ်၏ ပထမဆုံးအဖြစ် ရောက်ရှိခဲ့သည့်နေရာမှာ သမိုင်းအမွေအနှစ်အဖြစ် တန်ဖိုးမြင့်မားသော Iidaka Danrin ဖြစ်သည်။ Iidaka Danrin သည် ဂျပန်နိုင်ငံ၊ Chiba ပြည်နယ်တွင် တည်ရှိပြီး၊ Edo ခေတ်အတွင်း ပညာရေးအတွက် ထင်ရှားခဲ့သော ဗုဒ္ဓဘာသာ သင်ကြားရေးစင်တာတစ်ခု ဖြစ်ခဲ့ပါသည်။ ဂျပန်နိုင်ငံ၏ ပညာရေးသမိုင်းတွင် အရေးပါသည့် အခန်းကဏ္ဍအဖြစ် တည်ရှိခဲ့ပြီး၊ ယခုအခါ သမိုင်းအမွေ အနှစ်အဖြစ် ထိန်းသိမ်းထားရှိသည်။ ထို့အပြင် သဘာဝပတ်ဝန်းကျင်နှင့် ထိတွေ့နိုင်သည့် တည်နေရာဖြစ်သည့်အပြင် ယဉ်ကျေးမှုနှင့်ဆက်စပ်မှုများကို လေ့လာနိုင်သည့် နေရာတစ်ခုလည်း ဖြစ်သည်ကို လေ့လာတွေ့ရှိရသည်။ ဂျပန်နိုင်ငံ၏ ရှေးအကျဆုံး ပညာရေးစနစ် တစ်ရပ် ထွန်းကားခဲ့ရာ နေရာအဖြစ် သတ်မှတ်ထားသည့် ဤနေရာတွင် သဘာဝပတ်ဝန်းကျင်နှင့် ထိတွေ့ကာ မိမိကိုယ်ကို ပြန်လည်သုံးသပ်နိုင်သည့် Self-reflection ကို ခံစားရရှိခဲ့ပါသည်။ သမိုင်း၊ ယဉ်ကျေးမှုနှင့် လူမှုဆက်စပ်မှုများအကြောင်းကို လေ့လာရင်း ထိုဒေသ၏ အရင်းအမြစ်တန်ဖိုးများကို ခံစားနားလည်ခဲ့ရပါသည်။

Tako Rice ဖြင့် Onigiri Workshop နှင့် Fermented Lunch

နံနက် ၁၁၃၀ တွင် နောက်ထပ်အစီအစဉ်အဖြစ် ဒေသထုတ် “Tako Rice” ကို အသုံးပြု၍ Onigiri (အိုမုဆုဘီ/ထမင်းလုံး) ပြုလုပ်သည့် Workshop တစ်ရပ်ကို ပြုလုပ်ခဲ့ပါသည်။ သဘာဝအတိုင်း အချဉ် ဖောက်ထားသော အစားအစာများကို အခြေခံပြုလုပ်ထားသည့် ကျန်းမာရေးနှင့် ညီညွတ်သော နေ့လယ်စာအစီအစဉ် (Fermented Lunch) တွင် ထမင်းချဉ်ကို နေ့လယ်စာအဖြစ် မြည်းစမ်း ခွင့်ရရှိခဲ့ပါသည်။ အလားတူ ပိုင်ရှင်နှင့် တိုက်ရိုက်တွေ့ဆုံခဲ့ကာ name card များလဲလှယ်ခြင်း၊ လုပ်ငန်းအတွေ့အကြုံများမျှဝေခြင်းတို့ ပြုလုပ်ခဲ့ကြပြီး ဒေသထုတ်ကုန် Branding နှင့် Value-up Strategy များကို သိရှိနားလည်ခဲ့ရပါသည်။

Tako no Hoshi – Community-building Experience

မွန်းလွဲ ၁:၃၀ တွင် ဒေသခံများမှ တာဝန်ယူစီမံထားသော camp နေရာဖြစ်သည့် Tako no Hoshi သို့ သွားရောက်လေ့လာခဲ့ကြပါသည်။ Tako no Hoshi သည် ဂျပန်နိုင်ငံ၊ Tako မြို့တွင် တည်ရှိပြီး၊ ဒေသအတွင်း လူမှုရေးချိတ်ဆက်မှုများကို အားကောင်းစေရန် ရည်ရွယ်လျက် စုပေါင်းဖန်တီးမှု (co-creation) ကို အဓိကထား လုပ်ဆောင်ထားသော နေရာဖြစ်သည်ကို လေ့လာတွေ့ရှိရသည်။ Tako no Hoshi သည် ဒေသအခြေပြု ဖွံ့ဖြိုးရေးနှင့် လူမှုရေးချိတ်ဆက်မှုကို အခြေခံထားသည့် စီးပွားရေးပုံစံ တစ်ခုကို လက်တွေ့မြင်တွေ့နိုင်သည့် နေရာတစ်ခု ဖြစ်ပါသည်။

ထိုဒေသတွင် (၁) ဒေသခံများ ဦးဆောင်သော Community-based စီးပွားရေးမော်ဒယ်၊ (၂) ရေရှည် တည်တံ့နိုင်မှု (Sustainability) ကို ဦးစားပေးထားသည့် လုပ်ငန်းလည်ပတ်ပုံ၊ (၃) အစိုးရစည်းမျဉ်း စည်းကမ်းများနှင့် ကိုက်ညီစေရန် စီမံခန့်ခွဲပုံနှင့် (၄) ဒေသခံများနှင့် ယုံကြည်မှုတည်ဆောက်ထားသည့် ဆက်ဆံရေးပုံစံများကို လေ့လာနိုင်သည်။

လေ့လာရေးခရီးစဉ်တွင် လိုက်ပါလာကြသည့် မိမိတို့အနေဖြင့် ဒေသခံများနှင့် ယုံကြည်မှုတည်ဆောက် နိုင်ခဲ့ပြီး ဒေသဆိုင်ရာ လုပ်ငန်းများအပေါ် အစိုးရစစ်ဆေးမှုများ၊ ရေရှည်တည်တံ့နိုင်မှု၊ ပတ်ဝန်းကျင် ထိခိုက်မှုများ မဖြစ်စေရန် စီမံခန့်ခွဲပုံများကို လေ့လာနိုင်ခဲ့သည်။ ပိုင်ရှင်နှင့် တိုက်ရိုက်တွေ့ဆုံ၍ လုပ်ငန်း လည်ပတ်ပုံများကို ဆွေးနွေးခဲ့ကြသည့်အပြင်၊ ဒေသခံများက ကျွေးမွေးဧည့်ခံသော မုန့်ပဲသရေစာများ ကို အရသာရှိစွာ သုံးဆောင်ခဲ့ရပါသည်။

Iyashi no Sato – 自力整体 နှင့် Entrepreneur Mindset

မွန်းလွဲ ၂:၃၀ တွင် Iyashi no Sato သို့ ရောက်ရှိခဲ့ပါသည်။ Iyashi no Sato သည် လယ်သမား ဂိုဒေါင်ဟောင်းကို ပြန်လည်ပြင်ဆင် (renovation) ကာ Wellness Studio အဖြစ် ပြောင်းလဲထားသည့် နေရာတစ်ခု ဖြစ်ပါသည်။ သဘာဝနီးစပ်သော Iyashi no Sato သည် ပတ်ဝန်းကျင်၌ ကိုယ်နှင့်စိတ်ကို ပြန်လည် နှိုင်းချဉ့်နိုင်သည့် အတွေ့အကြုံများ ပေးစွမ်းနေသကဲ့သို့ ခံစားမိပါသည်။

ဤနေရာတွင် 自力整体 (မိမိကိုယ်တိုင်ပြန်လည်တည်ဆောက်ခြင်း) လေ့ကျင့်ခန်းများ ပြုလုပ်ကာ ကိုယ်ခန္ဓာအကျောလျော့ခြင်း၊ စိတ်ဖိစီးမှု ဖြေလျော့ခြင်းများကို ကိုယ်တိုင်ထိသိ ခံစားရရှိခဲ့သည်။ထို့အပြင် ဂိုဒေါင်ကို ယောဂအခန်းအဖြစ် ပြောင်းလဲ Renovation လုပ်ကာ အိမ်အနီးတွင် စီးပွားရေးနှင့် လူမှုရေးလုပ်ငန်းများ ပေါင်းစပ်လုပ်ဆောင်နိုင်သည့် မော်ဒယ်တစ်ခုကို လေ့လာခဲ့နိုင်ကြပါသည်။

ခရီးစဉ်မှရရှိခဲ့သည့် အကျိုးရလဒ်များ

ဤ Community Business Tour မှတစ်ဆင့် ခရီးစဉ်တွင် လိုက်ပါခဲ့သူများသည် —

  • ဒေသဆိုင်ရာ စီးပွားရေး၏ အနာဂတ်အလားအလာကို မြင်နိုင်သော အမြင်အသစ်များ ရရှိခဲ့သည်။
  • ယဉ်ကျေးမှု၊ အတူတကွနေထိုင်မှု၊ ပူးပေါင်းဖန်တီးမှုတို့ကို အာရုံငါးပါးဖြင့် ခံစားထိတွေ့နိုင်ခဲ့ သည်။
  • ကုမ္ပဏီအုပ်ချုပ်ရေးအဆင့်ရှိသူများ၊ နောင်အနာဂတ်တွင် ခေါင်းဆောင်များ ဖြစ်လာမည့်သူများ နှင့် ကွန်ယက်ချိတ်ဆက်နိုင်ခဲ့သည်။
  • အောင်မြင်စွာ လုပ်ကိုင်နေသော ဒေသခံ စွန့်ဦးတီထွင်လုပ်ငန်းရှင်များနှင့် တိုက်ရိုက်ဆွေးနွေးကာ ၎င်းတို့၏ အတွေ့အကြုံများကို ဖလှယ်ရယူနိုင်ခဲ့သည်။
  • 自力整体 လေ့ကျင့်မှုမှတဆင့် စိတ်နှင့်ကိုယ်ကို ပြန်လည် ထိန်းညှိနိုင်ခဲ့သည်။

ChibaSosa Tako Area နေ့ချင်းပြန်ခရီးစဉ်ဖြစ်သည့် အဆိုပါ Community Business Tour သည် ဒေသ အခြေပြု စီးပွားရေးမော်ဒယ်များ၊ ယဉ်ကျေးမှုအမွေအနှစ်များနှင့် လူမှုချိတ်ဆက်မှုများကို တစ်နေ့တည်း မှာပင် အနှစ်ချုပ်အဖြစ် လေ့လာနိုင်ခဲ့သည့် ထူးခြားသော အတွေ့အကြုံတစ်ရပ် ဖြစ်ခဲ့ပါသည်။

関連記事(かんれんきじ)

Business Essentials for Myanmar Business Persons” Seminar အား အောင်မြင်စွာ ကျင်းပခဲ့နိုင်ခဲ့ခြင်း။

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ပြည်ပရောက် မြန်မာပညာရှင်များနှင့် လုပ်ငန်းရှင်များအသင်း (OMPEA) မှ ကြီးမှူး၍ ဂျပန်နိုင်ငံရောက် မြန်မာပညာရှင်များနှင့် စီးပွားရေးလုပ်ငန်းရှင်များအတွက် ရည်ရွယ်သည့် အထူးဟောပြောပွဲတစ်ခုကို အောင်မြင်စွာ ကျင်းပခဲ့ပါသည်။ အဆိုပါ အခမ်းအနားကို

Read More

OMPEA နှင့် Suriya တို့ ပူးပေါင်းကျင်းပသည့် ဗီဇာဆိုင်ရာ ဆွေးနွေးပွဲ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ခြင်း။ OMPEA–Suriya ပူးတွဲဗီဇာ သတင်းအချက်အလက် ဆွေးနွေးပွဲ အောင်မြင်စွာ ကျင်းပနိုင်ခဲ့

ဂျပန်နိုင်ငံအတွင်း နေထိုင်လုပ်ကိုင်နေသော မြန်မာလူငယ်များအတွက် ဂျပန်ဗီဇာနှင့်နေထိုင်ခွင့်ဆိုင်ရာ အသိပညာများ မျှဝေပေးရန် ရည်ရွယ်၍ OMPEA အသင်းနှင့် Suriya လုပ်ငန်းတို့ ပူးပေါင်းကျင်းပသည့် ဆွေးနွေးပွဲတစ်ရပ်ကို၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်နေ့က Chiba City Culture

Read More