Japan Business Kickoff Webinar ကျင်းပပြုလုပ်ခဲ့ခြင်း

ဂျပန်နိုင်ငံတွင် စီးပွါးရေးချဲ့ထွင်ရန် စိတ်ကူးရှိနေသည့် မြန်မာလုပ်ငန်းရှင်များအတွက် OMPEA ၏ မိတ်ဖက်အဖွဲ့အစည်းတခုဖြစ်သည့် Suriya က “Japan Business Kickoff – A Strategic Roadmap for Myanmar and SMEs Expanding to Japan” Webinar ကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်နေ့၊ ဂျပန်စံတော်ချိန် ၁၇:၃၀ နာရီတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

ဂျပန်နိုင်ငံသည် ခိုင်မာသည့် စီးပွားရေးစနစ်နှင့် အာရှလုပ်ငန်းရှင်များအတွက် အခွင့်အလမ်းများစွာရှိသည့် စျေးကွက်တစ်ခုဖြစ်သော်လည်း လုပ်ငန်းများစတင်ရာတွင် မှန်ကန်သည့် မဟာဗျူဟာလမ်းကြောင်း (Strategic Roadmap) ရှိခြင်းက အလွန်အရေးကြီးသဖြင့်၊ ထိုလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် ရည်ရွယ်လျက် ဤ Webinar ကို အထူးစီစဉ်ခဲ့ခြင်းလည်း ဖြစ်ပါသည်။

Webinar တွင် Aung Myin Thu Kyaw (CEO) နှင့် Min Khant Lin (COO) တို့က ဂျပန်နိုင်ငံတွင် ကိုယ်တိုင်အခြေချ လုပ်ငန်းလည်ပတ်နေသည့် အတွေ့အကြုံများကို အခြေခံကာ သဘောထားအမြင်များ မျှဝေဆွေးနွေးခဲ့ကြသည်။ ဂျပန်စျေးကွက်၏ နောက်ဆုံးရ အခြေအနေများ၊ လုပ်ငန်းတည်ဆောက်ပုံ ရွေးချယ်မှုများဖြစ်သော 100% Ownership၊ Joint Venture (JV)၊ Representative Office သို့မဟုတ် Subsidiary စသည့် မော်ဒယ်များအကြောင်းကို အသေးစိတ်ရှင်းလင်းတင်ပြခဲ့သည်။

ထို့အပြင် ဂျပန်တွင် လုပ်ငန်းလည်ပတ်ရာ၌ မဖြစ်မနေလိုအပ်သည့် ဥပဒေရေးရာစည်းမျဉ်းစည်းကမ်းများ၊ အခွန်စနစ်နှင့် လုပ်ငန်းရှင်ဗီဇာ၊ ရင်းနှီးမြှုပ်နှံမှုဗီဇာအပါအဝင် လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းစဉ်များကို လက်တွေ့ကျကျ ရှင်းလင်းတင်ပြခဲ့ကြသည်။

အလားတူ ဂျပန်စီးပွားရေးယဉ်ကျေးမှု၊ ဆက်ဆံရေးတည်ဆောက်ပုံနှင့် ညှိနှိုင်းဆောင်ရွက်ပုံများကို F&B နှင့် Real Estate လုပ်ငန်းများမှ Case Studies များနှင့်အတူ မျှဝေခဲ့သဖြင့် တက်ရောက်သူများအတွက် လက်တွေ့အသုံးချနိုင်သည့် အသိပညာများ ရရှိစေခဲ့ပါသည်။

Q&A ကဏ္ဍတွင်လည်း တက်ရောက်သူများ၏ မေးမြန်းချက်များကို Speaker များမှ တိုက်ရိုက်ဖြေကြား ပေးခဲ့ရာ Webinar သည် အပြန်အလှန်ဆွေးနွေးမှုကောင်းမွန်သည့် ပညာမျှဝေပွဲတစ်ခုဖြစ်ခဲ့ပါသည်။

ဂျပန်စျေးကွက်ဝင်ရောက်ရန် စိတ်ဝင်စားသူများအတွက် ဤ Japan Business Kickoff Webinar သည် အချိန်တစ်နာရီအတွင်း လုပ်ငန်းစတင်ရန် လိုအပ်သည့် အခြေခံမှစ၍ လက်တွေ့အတွေ့အကြုံအထိ ပြည့်စုံစွာ လေ့လာနိုင်ခဲ့သည့် အရေးပါသော အစီအစဉ်တစ်ရပ်ဖြစ်ခဲ့ကြောင်း ထပ်လောင်းတင်ပြအပ် ပါသည်။

သတင်းစဉ်

OMPEA

関連記事(かんれんきじ)

Japan × Myanmar Entrepreneur Spirit Talk & Networking Event “Passion to Business” “ဝါသနာကို လုပ်ငန်းအဖြစ် ပြောင်းလဲခြင်း”

ဂျပန်နိုင်ငံမှာ မြန်မာဟင်းလျာ ယဉ်ကျေးမှုကို မိတ်ဆက်ပေးနေသူ၊ ဂျပန်နိုင်ငံရဲ့ ပထမဆုံး မြန်မာကာရီ Myanmar Curry Retort Product ကို ဖန်တီးနိုင်ခဲ့သူ Mr. Hirosuke Hoashi က အထူးဧည့်သည်အနေနဲ့ ဆွေးနွေးပေးသွားမှာ ဖြစ်ပါတယ်။

Read More

ချီဘာခရိုင်၊ တာကိုနှင့် ဆိုဆာရှိ တောမြစ်တောတောင် (satoyama) ဒေသများမှ ဒေသခံခေါင်းဆောင် များနှင့် မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံပြီး ဒေသဖွံ့ဖြိုးရေးအတွက် အတွေးအမြင်များ ဖလှယ်ခြင်း

Kujukuri Economic News ပါ သတင်းစဉ်ကို မြန်မာဘာသာဖြင့် ပြန်လည်တင်ဆက်ပေးခြင်းဖြစ်ပါသည်။ မူရင်းသတင်း – https://kujukuri.keizai.biz/headline/182/# ဖေဖော်ဝါရီ ၂၇ ရက်နေ့တွင် တိုကျိုမြို့ဝန်းကျင်တွင် နေထိုင်နေသော မြန်မာစီးပွားရေးလုပ်ငန်းရှင်အဖွဲ့ တစ်ဖွဲ့သည် ချီဘာခရိုင်၊ တာကိုမြို့နှင့် ဆိုဆာမြို့ရှိ

Read More