ချီဘာခရိုင်၊ တာကိုနှင့် ဆိုဆာရှိ တောမြစ်တောတောင် (satoyama) ဒေသများမှ ဒေသခံခေါင်းဆောင် များနှင့် မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံပြီး ဒေသဖွံ့ဖြိုးရေးအတွက် အတွေးအမြင်များ ဖလှယ်ခြင်း

Kujukuri Economic News ပါ သတင်းစဉ်ကို မြန်မာဘာသာဖြင့် ပြန်လည်တင်ဆက်ပေးခြင်းဖြစ်ပါသည်။

မူရင်းသတင်း – https://kujukuri.keizai.biz/headline/182/#

ဖေဖော်ဝါရီ ၂၇ ရက်နေ့တွင် တိုကျိုမြို့ဝန်းကျင်တွင် နေထိုင်နေသော မြန်မာစီးပွားရေးလုပ်ငန်းရှင်အဖွဲ့ တစ်ဖွဲ့သည် ချီဘာခရိုင်၊ တာကိုမြို့နှင့် ဆိုဆာမြို့ရှိ တောတောင်ဒေသများတွင် ပြုလုပ်ခဲ့သည့် တစ်ရက် တာ လေ့လာရေးအစီအစဉ်တွင် ပူးပေါင်းပါဝင်ခဲ့သည်။ အဆိုပါအဖွဲ့သည် ဟိဂါရှီ-နာရီတာ ဘူတာမှ စတင်၍ ကျေးလက် ဒေသများကို လှည့်လည်ကြည့်ရှုပြီး ဒေသဖွံ့ဖြိုးရေးအတွက် တက်ကြွစွာ ကြိုးပမ်း လျက်ရှိသော စီးပွားရေးလုပ်ငန်းရှင်များနှင့် တိုက်ရိုက်တွေ့ဆုံခဲ့ကြသည်။

ဤအစီအစဉ်ကို ဒေသဆိုင်ရာ လေ့လာရေးခရီးများ စီမံခန့်ခွဲရာတွင် အတွေ့အကြုံရှိသော “Trinity Nest” ကုမ္ပဏီမှ မီယူရာတိုင်ယိုက စီစဉ်ညှိနှိုင်းပေးခဲ့ခြင်းဖြစ်သည်။ ဖူကူရှီမာတွင် လေ့လာရေးခရီးစဉ်များကို ယခင်က စီစဉ်ဆောင်ရွက်ခဲ့ပြီးနောက် ချီဘာ၏ ကုဂျူကူရီဒေသအတွက် သီးသန့်အစီအစဉ်တစ်ခုကို ဖန်တီးခဲ့ရာမှတစ်ဆင့် ယခုအစီအစဉ် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

ဂျပန်နိုင်ငံတွင် စီးပွားရေးလုပ်ငန်းတစ်ခုကို စတင်တည်ထောင်ပြီး အဖွဲ့အစည်းတစ်ခုကို စုစည်း တည်ထောင်ခဲ့သူ မြန်မာနိုင်ငံသား စီးပွားရေးလုပ်ငန်းရှင် ဦးကြည်သူရှိန်က “နာရီတာလေဆိပ်မှ မိနစ် ၃၀ လောက်အကွာမှာရှိတဲ့ တောတောင်ဒေသတွေမှာ အလားအလာကောင်းတွေ အများကြီးရှိတယ်လို့ ခံစားရပါတယ်” ဟု ပြောကြားခဲ့သည်။ တိုကျိုမြို့ဝန်းကျင်မှ အလွယ်တကူ ရောက်ရှိနိုင်မှုနှင့် ဒေသအရင်းအမြစ်များ ပေါများမှုတို့ကို တပြိုင်နက်ရရှိနိုင်ခြင်းကြောင့် တာကိုနှင့် ဆိုဆာဒေသကို လေ့လာရေး ခရီးစဉ်အဖြစ် ရွေးချယ်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

နံနက်ပိုင်းတွင် အဆိုပါအဖွဲ့သည် ဟိဂါရှီ-နာရီတာ ဘူတာမှ ထွက်ခွာပြီး ပထမဦးစွာ ဆိုဆာမြို့ရှိ အီဒါကာဘုန်းကြီးကျောင်း (အီဒါကာ ဒန်ရင်) သို့ သွားရောက်လည်ပတ်ခဲ့သည်။ အဆိုပါဒေသသည် အဲဒိုခေတ်ကာလအတွင်း ကန်တိုဒေသ၏ အကြီးဆုံး ဗုဒ္ဓဘာသာပညာရေးစင်တာတစ်ခုဖြစ်ခဲ့သည့် နေရာဖြစ်ပြီး ဒေသ၏ အလွန်ရှေးကျသော ပညာရေးယဉ်ကျေးမှုကို ရရှိခံစားနိုင်စေခဲ့သည်။

ထို့နောက် ယိုကိုအိချိဘာ ဘူတာအနီးတွင် ယမန်နှစ်က ဖွင့်လှစ်ခဲ့သော Cafe Dining Plant သို့ သွား ရောက်ခဲ့ကြသည်။ ထိုနေရာတွင် ဒေသထွက်ပစ္စည်းများနှင့် ကိုဂျီကိုအသုံးပြုကာ အစားအစာများကို အထူး ပြုလုပ်ထားသည့် ကိဂါဝါ နာအိုကိုက အိုနီဂီရီ (ထမင်းလုံး) ပြုလုပ်နည်း လေ့လာသင်ယူခဲ့ကြသည်။

နေ့လယ်ပိုင်းတွင် အဖွဲ့သည် တာကိုမြို့သို့ ဦးတည်ကာ Tako no Hoshi စခန်းနှင့် ၎င်းနှင့်တွဲဖက်ထား သော Hikari Terrace သို့ သွားရောက်ခဲ့သည်။ ရိုးရာအိမ်ဟောင်းကို ပြန်လည်ပြုပြင်ထားသော အိုနီဂီရီ ကဖေးတွင် ပိုင်ရှင်အာရိုင်တာဆုအိုနှင့် ဆွေးနွေးခွင့် ရရှိခဲ့သည်။ ခရီးစဉ်တွင် ပါဝင်သူတစ်ဦးဖြစ်သော ဒေါ်ဆွေက “ဒေသကို ပိုကောင်းအောင် ကြိုးစားနေတဲ့ လူတိုင်းရဲ့ စိတ်အားထက်သန်မှုကို တကယ်ခံစားနိုင်ခဲ့ ပါတယ်” ဟု ၎င်း၏ အမြင်ကို ပြန်လည်မျှဝေခဲ့သည်။

ခရီးစဉ်၏ နောက်ဆုံးအစီအစဉ်အနေဖြင့် Iyashi no Sato Funwari သို့ သွားရောက်ကာ မိမိကိုယ်ကို မိမိ ကျန်းမာစေရေး ခန္ဓာကိုယ်လေ့ကျင့်မှုပိုင်းဆိုင်ရာ နည်းတစ်မျိုးကို အတွေ့အကြုံ ရယူခဲ့ကြသည်။ ဦးကြည်သူရှိန်က “မိမိ ခရီးသွားလိုတဲ့ နေရာတွေကို မည်သည့်နည်းဖြင့်မဆို သွားရောက်နိုင်သော်လည်း ဒေသခံ စီးပွားရေးလုပ်ငန်းရှင်များနှင့် ကိုယ်တိုင်ချိတ်ဆက်နိုင်တဲ့ အခွင့်အရေးကမူ ရှားပါကြောင်း၊ ချီဘာ၌ မိတ်ဆွေများရှိလာသည်ဟု ခံစားရခြင်းက ယခုခရီးသွားအတွေ့အကြုံ၏ အဖိုးတန်ဆုံးအပိုင်းပင် ဖြစ်ကြောင်း” ၎င်း၏ ခံစားချက်ကို ပြောကြားခဲ့သည်။

အစီအစဉ်ကို ပြန်လည်သုံးသပ်ရာတွင် မီယူရာက “တောတောင်ဒေသ သဘာဝ အလှအပကို ခံစားခြင်း၊ လေ့လာခြင်းနှင့် ခန္ဓာကို အပန်းပြေစေရန် ကုစားခြင်းဆိုသည့် အချက်သုံးချက်ကို အခြေခံပြီး ဤဒေသ များတွင် စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နေသူများ၏ အတွေ့အကြုံများကို လက်တွေ့ကျကျ ခံစား နားလည်နိုင်စေရန် ရည်ရွယ်ထားကြောင်း” ရှင်းပြခဲ့သည်။

ထို့အပြင် ချီဘာပြည်နယ်အတွင်း အလားတူအစီအစဉ်များကို ပုံမှန်ကျင်းပနိုင်ရန် ပြင်ဆင်လျက်ရှိ ကြောင်းလည်း မီယူရာက ပြောကြားခဲ့သည်။ “ခရီးသွားနေရာတွေကိုသာ အာရုံစိုက်ခြင်းတာမက ဒေသတွင်း တောက်ပနေသူများနှင့် ကိုယ်တိုင်တွေ့ဆုံ ချိတ်ဆက်နိုင်မည့် အခွင့်အလမ်းများ ဖန်တီးပေးချင်ပါကြောင်း” မီယူရာက ထပ်မံပြောကြားခဲ့သည်။

関連記事(かんれんきじ)

Japan × Myanmar Entrepreneur Spirit Talk & Networking Event “Passion to Business” “ဝါသနာကို လုပ်ငန်းအဖြစ် ပြောင်းလဲခြင်း”

ဂျပန်နိုင်ငံမှာ မြန်မာဟင်းလျာ ယဉ်ကျေးမှုကို မိတ်ဆက်ပေးနေသူ၊ ဂျပန်နိုင်ငံရဲ့ ပထမဆုံး မြန်မာကာရီ Myanmar Curry Retort Product ကို ဖန်တီးနိုင်ခဲ့သူ Mr. Hirosuke Hoashi က အထူးဧည့်သည်အနေနဲ့ ဆွေးနွေးပေးသွားမှာ ဖြစ်ပါတယ်။

Read More

Japan Business Kickoff Webinar ကျင်းပပြုလုပ်ခဲ့ခြင်း

ဂျပန်နိုင်ငံတွင် စီးပွါးရေးချဲ့ထွင်ရန် စိတ်ကူးရှိနေသည့် မြန်မာလုပ်ငန်းရှင်များအတွက် OMPEA ၏ မိတ်ဖက်အဖွဲ့အစည်းတခုဖြစ်သည့် Suriya က “Japan Business Kickoff – A Strategic Roadmap for Myanmar and SMEs

Read More