မြန်မာ ပရော်ဖက်ရှင်နယ်များနှင့် စီးပွားရေးလုပ်ငန်းရှင်များ၏ ကမ္ဘာလုံးဆိုင်ရာ အင်တာနက်ကွန်ယက်
ပြည်ပရှိ မြန်မာလူမျိုးများကို စီးပွားရေးအခွင့်အလမ်းများ၊ ပရော်ဖက်ရှင်နယ် တိုးတက်မှုနှင့် ကမ္ဘာလုံးဆိုင်ရာ ကြိုးပမ်းပူးပေါင်းမှုများနှင့် ဆက်သွယ်ပေးခြင်း။
OMPEA ဆိုတာဘာလဲ
- OMPEA သည် ပြည်ပနိုင်ငံများတွင် အလုပ်လုပ်ကိုင်လျက်ရှိသည့် မြန်မာလူမျိုးစီးပွားရေးပညာရှင် များနှင့် စီးပွားရေးလုပ်ငန်းရှင်များအတွက် စွန့်ဦးတီထွင် ကွန်ယက်တစ်ခု ဖြစ်သည်။
- အဖွဲ့အစည်း၏ အဓိကရည်မှန်းချက်များမှာ အသင်းဝင်များအချင်းချင်း လုပ်ငန်းပိုင်းဆိုင်ရာတွင် လည်းကောင်း၊ ပုဂ္ဂလိကပိုင်းနှင့် စီးပွားရေးလုပ်ငန်းများလုပ်ကိုင်ခြင်းနှင့် ပတ်သက်၍ တစ်ဦးနှင့် တစ်ဦး ကူညီပံ့ပိုးပေးပြီး ပူးပေါင်းဆောင်ရွက်သော အသိုက်အဝန်းတစ်ရပ်အဖြစ် ရပ်တည်ရှင်သန် ရေး ဖြစ်သည်။
- OMPEA သည် ပြည်ပရှိ မြန်မာနိုင်ငံသားများ၏ ရှိရင်းစွဲစွမ်းရည်များကို ချိတ်ဆက်ပေးပြီး ခိုင်မာ သော ကွန်ယက်များဖြင့် အခွင့်အလမ်းများစွာ ဖန်တီးပေးနိုင်မည်ဖြစ်သည်။ ဗဟုသုတများ မျှဝေ ပေးခြင်း၊ လမ်းညွှန်ပေးခြင်းအားဖြင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများကို ဖွံ့ဖြိုးတိုးတက်စေ မည်ဖြစ်သည်။ စီးပွားရေးလုပ်ငန်းများ စတင်ဆောင်ရွက် (Entrepreneurship) ရာတွင် တတ်သိ ပညာရှင်များနှင့် ပြည်တွင်းရှိ အသိုက်အဝန်းများအားလုံး အဓိပ္ပာယ်ရှိသော ပါဝင်ဆောင်ရွက်မှု များကို အားဖြည့်ပေးကာ မြန်မာနိုင်ငံသားများ၏ ဂုဏ်သတင်းကို ကမ္ဘာတစ်ဝှမ်း၌ တောက်ပြောင် လာစေရန် မြင့်တင်ပေးနိုင်မည်ဖြစ်သည်။
- အသိုင်းအဝိုင်းတစ်ခုအဖြစ် OMPEA အဖွဲ့ဝင်များသည် တစ်ဦးနှင့်တစ်ဦး ကူညီပံ့ပိုးကာ ထူးချွန်မှု ကို အတူတကွ တည်ဆောက်ကြရန်ဖြစ်သည်၊ အတွေ့အကြုံနည်းပါးသူများကို လမ်းညွှန်ပေးကာ ဒေသခံများနှင့် မိတ်ဆွေများဖွဲ့ပြီး ကမ္ဘာလုံးဆိုင်ရာ ထိတွေ့မှုများမှတဆင့် ရရှိလာမည့် ကျွမ်းကျင် မှု၊ အတွေ့အကြုံများသည် မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အပံ့အကောင်းများ ဖြစ်လာစေရန် ရည်မှန်းသည်။
အစီအစဉ်များနှင့် ကနဦးဆောင်ရွက်ချက်များ
အသက်မွေးဝမ်းကြောင်း ဖွံ့ဖြိုးတိုးတက်မှု
- အွန်လိုင်းတွေ့ဆုံဆွေးနွေးမှုများ & အလုပ်ရုံဆွေးနွေးပွဲများ (ဦးဆောင်မှုအခန်းကဏ္ဍ၊ အလုပ်အကိုင် တိုးတက်ရေး၊ ကျင့်ဝတ်မြင့်မားရေး)
- လမ်းညွှန်မှုအစီအစဉ်များ (အတွေ့အကြုံရင့်ကျတ်သူများနှင့် အတွေ့အကြုံနည်းသူများ အကြား ချိတ်ဆက်ပေးခြင်း)
- မြန်မာပရော်ဖက်ရှင်နယ်များဖိုရမ်
စီးပွားရေးလုပ်ငန်းစတင်ခြင်းနှင့် မွမ်းမံခြင်း
- စတင်လုပ်ကိုင်နေသည့် လုပ်ငန်းများအတွက် ပံ့ပိုးရေး ကွန်ရက်
- စီးပွားရေးလုပ်ငန်း အဆိုတင်သွင်းခြင်းနှင့် ရန်ပုံငွေရရှိရေး အခွင့်အလမ်းများ
- နိုင်ငံတကာရှိ မြန်မာ့စွန့်ဦးတီထွင်လုပ်ငန်းရှင်များအကြား ပူးပေါင်းဆောင်ရွက်မှု
ပညာရေးနှင့် သင်ယူမှု
- ဘာသာစကား သင်တန်းများ
- နယ်စပ်ဖြတ်ကျော် ပညာရေး အထောက်အပံ့
- ပညာရေးနှင့် စက်မှုလုပ်ငန်း မိတ်ဖက်ပြုလုပ်ခြင်းများ
ကျန်းမာရေးနှင့် စိတ်တည်ငြိမ်မှု
- စိတ်တည်ငြိမ်မှုဆိုင်ရာ လက်တွေ့ပို့ချမှုများ
- အလုပ်သမားပညာရှင်များအတွက် ကျန်းမာစိတ်ပျော်ရွှင်ရေးဆိုင်ရာဆွေးနွေးပွဲများ
What is OMPEA?
OMPEA သည် ပြည်ပရောက် မြန်မာများ၏ ကျွမ်းကျင်မှု၊ စီးပွားရေးစွမ်းဆောင်နိုင်မှုနှင့် နိုင်ငံတကာ အတွေ့အကြုံများကို စုစည်းကာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ပြန်လည်တည်ဆောက်ရေးနှင့် ဂျပန်လူ့အဖွဲ့အစည်းနှင့် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ရန်အတွက် ဖွဲ့စည်းထားသော အသင်းဖြစ် ပါသည်။ ကျွန်ုပ်တို့အဓိကအားထားလိုသည့် အစုအဖွဲ့/အသိုက်အဝန်း (၂) ရပ်ရှိပါသည်
ဂျပန်လူ့အဖွဲ့အစည်းအတွက်
မူဝါဒချမှတ်သူများ၊ ဒေသန္တရအစိုးရအဖွဲ့များ၊ စီးပွားရေးအဖွဲ့အစည်းများ၊ ကုမ္ပဏီများ၊ တက္ကသိုလ်များနှင့် သုတေသနအဖွဲ့အစည်းများနှင့် တာဝန်ယူမှုရှိသော ဆွေးနွေးညှိနှိုင်းမှု၊ ပူးပေါင်းသုတေသနလုပ်ငန်းများ၊
လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများအတွက် ဆက်သွယ် ညှိနှိုင်းပေးသည့် ပေါင်းကူးတံတားအဖြစ် ဆောင်ရွက်ပေးပါသည်။
ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများအတွက်
ကျွန်ုပ်တို့သည် ပရော်ဖက်ရှင်နယ်များ နှင့် စွန့်ဦးတီထွင် လုပ်ငန်းရှင်များအဖြစ် သင်ယူမှု၊ စည်းလုံးညီညွတ်မှု၊ အခွင့်အလမ်းဖန်တီးမှုနှင့် အပြန်အလှန်ကူညီထောက်ပံ့မှုများအတွက် ကွန်ရက်တစ်ခုကို ပံ့ပိုးပေးပါသည်။ OMPEA သို့ ဝင်ရောက်ပြီး ကျွန်ုပ်တို့၏ စွမ်းဆောင်မှုများကို နောက်မျိုးဆက်သစ်အား လက်ဆင့်ကမ်းပါ။
လိုက်နာကျင့်သုံးရန် အခြေခံမူများ
အများပြည်သူ၏ အကျိုးကိုဦးစားပေးခြင်း၊ ဆောင်ရွက်မှုအားလုံးတွင် ပွင့်လင်းမြင်သာမှုရှိခြင်း၊ အချက် အလက်များနှင့် သက်သေအထောက်အထားများအပေါ် အခြေခံသော ဆန်းစစ်ချက်ပြုလုပ်ခြင်း၊ ကွဲပြား သော ယဉ်ကျေးမှု၊ အတွေးအခေါ်နှင့် ခံယူချက်များအား လေးစားခြင်းအပြင်၊ တရားမျှတပြီး ကိုယ်ကျင့် တရားနှင့်ညီသော ပူးပေါင်းဆောင်ရွက်မှုကို ဆောင်ရွက်ရန် ရည်ရွယ်ပါသည်။
လိုက်နာကျင့်သုံးရန် အခြေခံမူများ
အများပြည်သူ၏ အကျိုးကိုဦးစားပေးခြင်း၊ ဆောင်ရွက်မှုအားလုံးတွင် ပွင့်လင်းမြင်သာမှုရှိခြင်း၊ အချက် အလက်များနှင့် သက်သေအထောက်အထားများအပေါ် အခြေခံသော ဆန်းစစ်ချက်ပြုလုပ်ခြင်း၊ ကွဲပြား သော ယဉ်ကျေးမှု၊ အတွေးအခေါ်နှင့် ခံယူချက်များအား လေးစားခြင်းအပြင်၊ တရားမျှတပြီး ကိုယ်ကျင့် တရားနှင့်ညီသော ပူးပေါင်းဆောင်ရွက်မှုကို ဆောင်ရွက်ရန် ရည်ရွယ်ပါသည်။
ပြည်ပရောက်မြန်မာပရော်ဖက်ရှင်နယ်များနှင့် လုပ်ငန်းရှင်များ၏ စွမ်းအားဖြင့် မြန်မာနိုင်ငံ ပြန်လည် တည်ဆောက်ရေးကို မျှော်မှန်းဆောင်ရွက်ခြင်း။
OMPEA (ပြည်ပရောက်မြန်မာပရော်ဖက်ရှင်နယ်များနှင့် လုပ်ငန်းရှင်များအသင်း) သည် ကမ္ဘာတစ်ဝှမ်း တွင် တက်ကြွစွာ လှုပ်ရှားနေသော ပြည်ပရောက် မြန်မာနိုင်ငံသားပညာရှင်များနှင့်လုပ်ငန်းရှင်များကို ချိတ်ဆက်ပေးသည့် အသင်းတစ်ခုဖြစ်ပြီး အသိပညာနှင့်ကွန်ရက်များကို ဂျပန်နိုင်ငံနှင့် သက်ဆိုင်ရာနိုင်ငံ များမှ ချိတ်ဆက်ပြီး မြန်မာနိုင်ငံအတွက် အကျိုးပြုစေရန် ရည်ရွယ်သည်။
ရည်ရွယ်သည့် အစုအဖွဲ့များ
ပြည်ပရောက်မြန်မာပရော်ဖက်ရှင်နယ်များနှင့် လုပ်ငန်းရှင်များ
ဂျပန်အစိုးရဌာန/အဖွဲ့အစည်းများ၊ စီးပွားရေးလုပ်ငန်းအသိုင်းအဝိုင်းများနှင့် ပညာရေးအဖွဲ့အစည်းများ စသည်
Myanmar Name: ပြည်ပရောက်မြန်မာပရော်ဖက်ရှင်နယ်များနှင့် လုပ်ငန်းရှင်များအသင်း
အဆိုပြုတန်ဖိုး(၃) ရပ်
- ယုံကြည်ရသော ဆက်သွယ်ရေးအချက် - ဂျပန်နိုင်ငံရှိ နိုင်ငံရေး၊ အုပ်ချုပ်ရေးနှင့် စီးပွားရေး အသိုက်အဝန်းနှင့် ပြည်ပရောက်မြန်မာအသိုက်အဝန်းအကြား ချိတ်ဆက်ပေးသော တရားဝင် ဗဟိုအချက်အချာ။
- အထောက်အထားအခြေပြုအချက်အလက် - မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေဆိုင်ရာ သုတေသန၊ လေ့လာမှုများနှင့် အချက်အလက်များ။
- လက်တွေ့အသုံးချ ဆက်သွယ်ရေးကွန်ရက် - ပရော်ဖက်ရှင်နယ်များနှင့် စီးပွားရေးလုပ်ငန်းရှင်များအကြား ပူးပေါင်းဆောင်ရွက်မှု၊ စီမံကိန်းပူးပေါင်းဆောင်ရွက်မှုများနှင့် ကန်ထရိုက်လုပ်ငန်းများကို မြှင့်တင် ခြင်း။
ရည်မှန်းချက်များနှင့် လုပ်ငန်းဆောင်တာများ
ကျွန်ုပ်တို့၏ ဖွဲ့စည်းအုပ်ချုပ်မှုစည်းမျဉ်းများနှင့်အညီ အောက်ပါ ရည်မှန်းချက်များနှင့် လုပ်ငန်းဆောင်တာ များကို ဆောင်ရွက်ပါသည်-
ရည်ရွယ်ချက်များ
- ပြည်ပရောက်မြန်မာပရော်ဖက်ရှင်နယ်များနှင့် လုပ်ငန်းရှင်များ၏ အသိုင်းအဝိုင်းကို တည်ဆောက်ရန်နှင့် လူသား အရင်းအမြစ်၏ ကြီးထွားဖွံ့ဖြိုးမှုကို မြှင့်တင်ခြင်းဖြင့် မြန်မာနိုင်ငံ၏ ပြန်လည်တည်ဆောက်ရေးလုပ်ငန်း စဉ်များကို မြှင့်တင်ရန်။
အဓိက လုပ်ငန်းဆောင်တာများ
- မြန်မာနိုင်ငံဆိုင်ရာ အခြေအနေများအား စစ်တမ်းကောက်ယူခြင်း၊ သုတေသနပြုလုပ်ခြင်းနှင့် အချက်အလက်များ ပံ့ပိုးခြင်း
- ပြည်ပရောက် မြန်မာပညာရှင်များနှင့် စွန့်ဦးတီထွင်လုပ်ငန်းရှင်များအား ဆက်သွယ်ညှိနှိုင်းခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းနှင့် ပံ့ပိုးကူညီခြင်း
- အသိပညာပေးရေးနှင့် ပြည်သူ့ဆက်ဆံရေး လှုပ်ရှားမှုများ
- ကွန်ရက်တည်ဆောက်ခြင်းနှင့် ကန်ထရိုက်လုပ်ငန်းများ
- အခြားသော အဖွဲ့အစည်းများနှင့် အစိုးရအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ အဖွဲ့အစည်း အင်အားမြှင့်တင်ခြင်း
- ရည်မှန်းချက်များ ပေါက်မြောက်အောင်မြင်စေရန်နှင့် ဆက်စပ်လုပ်ငန်းများအတွက် လိုအပ်သော အခြားကိစ္စရပ်များ
အဓိက လုပ်ဆောင်ချက်များ
1
အသက်မွေးဝမ်းကျောင်းပံ့ပိုးမှု
အလုပ်အကိုင် ပံ့ပိုးမှု၊ အလုပ်အကိုင် လွှဲပြောင်းမှု၊ အလုပ်ရုံ ဆွေးနွေးပွဲများ ပြန်လည်စတင်ခြင်းနှင့် ဂျပန်နိုင်ငံရှိ မြန်မာနိုင်ငံသားများအတွက် အလုပ်ကိုင်ပြပွဲများကျင်းပခြင်း။
2
စွန့်ဉီးတီထွင်သူ ပံ့ပိုးမှု
မြန်မာလုပ်ငန်းရှင်များအတွက် ကွန်ရက်များတည်ဆောက်ခြင်း၊ ထုတ်ကုန်မြှင့်တင်ရေးနှင့် စီးပွားရေးနှင့် ကိုက်ညီမှုရှိစေခြင်း။
3
ယဉ်ကျေးမှုဖလှယ်ပွဲများ
အစားအသောက်ပြပွဲများ၊ ဂီတ၊ အကနှင့် ရိုးရာရှိုးပွဲများ ပါဝင်ကာ လှုမှုအသိုင်းအဝိုင်းများနှင့် ထိတွေ့ ဆက်ဆံမှုကို မြင့်တင်ပေးခြင်း။
4
ပညာရေးနှင့်လေ့ကျင့်ရေးအစီအစဉ်များ
ဂျပန်ဘာသာစကား၊စီးပွားရေးကျင့်ဝတ်နှင့် အလုပ်သမားဆိုင်ရာ အသိပညာဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပခြင်း။
5
အစိုးရများနှင့် ကုမ္ပ ဏီများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း
ယဉ်ကျေးမှုပေါင်းစုံပါဝင်မှုနှင့် နိုင်ငံရပ်ခြားအလုပ်အကိုင်ရရှိရေးတို့ကို မြှင့်တင်ရန်အတွက် ပူးပေါင်းဆောင်ရွက်သည့် ပရောဂျတ်များနှင့် တိုင်ပင်ဆွေးနွေးခြင်းဝန်ဆောင်မှုပေးခြင်း။
အဖွဲ့ဝင်ခြင်းဆိုင်ရာ အချက်အလက်
OMPEA သည် ပြည်ပရောက်မြန်မာပရော်ဖက်ရှင်နယ်များနှင့် လုပ်ငန်းရှင်များ၊ သုတေသီများနှင့် အခြားပညာရှင်များ အပါအဝင် ပြည်သူ့စိတ်ဓာတ်နှင့် ကျင့်ဝတ်သိက္ခာဆိုင်ရာ အသိစိတ်များ တူညီသူ ပုဂ္ဂိုလ်များနှင့် ပူးပေါင်းပါဝင်မှုများကို ကြိုဆိုပါသည်။
Membership အမျိုးအစားများ
ပရော်ဖက်ရှင်နယ် အသင်း၀င်
မြန်မာနိုင်ငံသား ပရော်ဖက်ရှင်နယ်
အသက်၁၈နှစ်အထက်
Type 1
ကျောင်းသားအသင်း၀င်
တရားဝင်ကျောင်းသားIDဖြင့် တက္ကသိုလ်များ သို့မဟုတ် ကျောင်းများတွင် နိုင်ငံခြားတွင် ပညာသင်ကြားနေသော မြန်မာကျောင်းသားများ
Type 2
လုပ်ငန်းရှင်အသင်း၀င်
မြန်မာလူ့စွမ်းအားအရင်းအမြစ်ကို စိတ်ဝင်စားသော ကုမ္ပဏီ/အဖွဲ့အစည်းများ
Type 3
ဂုဏ်ထူးဆောင်ပုဂ္ဂိုလ်အသင်း၀င်
ပြည်သူ့ကောင်းကျိုး သို့မဟုတ် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုအတွက် ပံ့ပိုးကူညီသူများကို ဘုတ်အဖွဲ့မှ ခန့်အပ်ထားသည်။
Type 4
အသင်းဝင်ကြေးများ
OMPEA offers multiple membership types to meet your diverse needs and aspirations.
ပရော်ဖက်ရှင်နယ် အသင်း၀င်
တစ်နှစ်လျှင် ၁၂,၀၀၀ ယန်း
မဲပေးခွင့်
ဘုတ်အဖွဲ့ဝင်ဖြစ်ခွင့်, အခမ်းနားပွဲတက်ရောက်ခွင့်
အလုပ်အကိုင်အထောက်ပံ့၊ သင်တန်းဝင်ခွင့်။
ကျောင်းသားအသင်း၀င်
တစ်နှစ်လျှင် ၆,၀၀၀ ယန်း
အလုပ်အကိုင်ဟောပြောပွဲ
အလုပ်အကိုင်အကြံပြုချက်
ပညာသင်ဆု၊ အချိန်ပိုင်းအလုပ်အချက်အလက်၊လမ်းစရိတ်အထောက်အပံ့။
လုပ်ငန်းရှင် အသင်း၀င်
တစ်နှစ်လျှင် ၁၂၀,၀၀၀ ယန်း
(ညှိနှိုင်းနိုင်)
ပြပွဲနေရာအသုံးပြုခွင့်၊
ကွန်ရက်ဖွဲ့စည်းခြင်း၊ အမှတ်တံဆိပ်မြှင့်တင်ခြင်း၊
အစီရင်ခံစာထုတ်ဝေခွင့်။
ဂုဏ်ထူးဆောင်ပုဂ္ဂိုလ်အသင်း၀င်
အခမဲ့
(လှူဒါန်းခြင်းကို ကြိုဆိုပါသည်)
သတ်မှတ်တာဝန်မရှိ၊
အကြံပေးအခန်းကဏ္ဍ၊
ဂုဏ်ပြုလွှာပေးအပ်ခြင်း။
About membership application
Online membership form
Upcoming Events

Business Essentials for Myanmar Business Persons” Seminar အား အောင်မြင်စွာ ကျင်းပခဲ့နိုင်ခဲ့ခြင်း။
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ပြည်ပရောက် မြန်မာပညာရှင်များနှင့် လုပ်ငန်းရှင်များအသင်း (OMPEA) မှ ကြီးမှူး၍ ဂျပန်နိုင်ငံရောက် မြန်မာပညာရှင်များနှင့် စီးပွားရေးလုပ်ငန်းရှင်များအတွက် ရည်ရွယ်သည့် အထူးဟောပြောပွဲတစ်ခုကို အောင်မြင်စွာ ကျင်းပခဲ့ပါသည်။ အဆိုပါ အခမ်းအနားကို

OMPEA နှင့် Suriya တို့ ပူးပေါင်းကျင်းပသည့် ဗီဇာဆိုင်ရာ ဆွေးနွေးပွဲ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ခြင်း။ OMPEA–Suriya ပူးတွဲဗီဇာ သတင်းအချက်အလက် ဆွေးနွေးပွဲ အောင်မြင်စွာ ကျင်းပနိုင်ခဲ့
ဂျပန်နိုင်ငံအတွင်း နေထိုင်လုပ်ကိုင်နေသော မြန်မာလူငယ်များအတွက် ဂျပန်ဗီဇာနှင့်နေထိုင်ခွင့်ဆိုင်ရာ အသိပညာများ မျှဝေပေးရန် ရည်ရွယ်၍ OMPEA အသင်းနှင့် Suriya လုပ်ငန်းတို့ ပူးပေါင်းကျင်းပသည့် ဆွေးနွေးပွဲတစ်ရပ်ကို၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်နေ့က Chiba City Culture
News & Announcement

Business Essentials for Myanmar Business Persons” Seminar အား အောင်မြင်စွာ ကျင်းပခဲ့နိုင်ခဲ့ခြင်း။
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ပြည်ပရောက် မြန်မာပညာရှင်များနှင့် လုပ်ငန်းရှင်များအသင်း (OMPEA) မှ ကြီးမှူး၍ ဂျပန်နိုင်ငံရောက် မြန်မာပညာရှင်များနှင့် စီးပွားရေးလုပ်ငန်းရှင်များအတွက် ရည်ရွယ်သည့် အထူးဟောပြောပွဲတစ်ခုကို အောင်မြင်စွာ ကျင်းပခဲ့ပါသည်။ အဆိုပါ အခမ်းအနားကို

OMPEA နှင့် Suriya တို့ ပူးပေါင်းကျင်းပသည့် ဗီဇာဆိုင်ရာ ဆွေးနွေးပွဲ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ခြင်း။ OMPEA–Suriya ပူးတွဲဗီဇာ သတင်းအချက်အလက် ဆွေးနွေးပွဲ အောင်မြင်စွာ ကျင်းပနိုင်ခဲ့
ဂျပန်နိုင်ငံအတွင်း နေထိုင်လုပ်ကိုင်နေသော မြန်မာလူငယ်များအတွက် ဂျပန်ဗီဇာနှင့်နေထိုင်ခွင့်ဆိုင်ရာ အသိပညာများ မျှဝေပေးရန် ရည်ရွယ်၍ OMPEA အသင်းနှင့် Suriya လုပ်ငန်းတို့ ပူးပေါင်းကျင်းပသည့် ဆွေးနွေးပွဲတစ်ရပ်ကို၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်နေ့က Chiba City Culture
Initial officers
Representative Director at the time of establishment
KYI THU SHEIN
Director at the time of establishment
AYE AYE SHEIN
Director at the time of establishment
AUNG MYIN THU KYAW