OMPEA မှ Brand Ambassador အဖြစ်အပ်နှင်းခဲ့ကြောင်းကြေညာချက်။

သတင်း။

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်။

OMPEA မှ Brand Ambassador အဖြစ်အပ်နှင်းခဲ့ကြောင်းကြေညာချက်။

Oversea Myanmar Professionals and Entrepreneurs Association (OMPEA) ဖွင့်ပွဲအခမ်းအနားကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်နေ့တွင် ဂျပန်နိုင်ငံ၊ တိုကျိုမြို့၊ Nishi-Shinjuki ရှိ The KNOT TOKYO Shinjuku အဆောက်အဦ၏ MORE THAN BANZUET event space 2nd Floor တွင်ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါဖွင့်ပွဲအခမ်းအနားနှင့် တစ်ဆက်တည်း (OMPEA) မှ ဒေါ်စုလှိုင်ထွန်း (SU Myanmar) အား Learning & Development Sector အတွက် Brand Ambassador အဖြစ် တရားဝင်အပ်နှင်းခဲ့ပါသည်။

ဒေါ်စုလှိုင်ထွန်းသည် ပြည်တွင်းပြည်ပရှိ မြန်မာလူထုအတွက် အကျိုးပြုမည့် လေ့လာရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ လှုပ်ရှားမှုများတွင် အားထုတ်ဆောင်ရွက်သွားမည်ဖြစ်ပြီး၊ OMPEA အသင်းမှလည်း ၎င်း၏ တာဝန်ယူမှုကို လေးလေးနက်နက် အသိအမှတ်ပြု ဂုဏ်ပြုအပ်ပါသည်။

関連記事(かんれんきじ)

Japan Business Kickoff Webinar ကျင်းပပြုလုပ်ခဲ့ခြင်း

ဂျပန်နိုင်ငံတွင် စီးပွါးရေးချဲ့ထွင်ရန် စိတ်ကူးရှိနေသည့် မြန်မာလုပ်ငန်းရှင်များအတွက် OMPEA ၏ မိတ်ဖက်အဖွဲ့အစည်းတခုဖြစ်သည့် Suriya က “Japan Business Kickoff – A Strategic Roadmap for Myanmar and SMEs

Read More

OMPEA  နှင့် Trinity Nest တို့မှ ပူးပေါင်းစီစဉ်သည့် “ဒေသခံလူမှုရေးနှင့် စီးပွားရေး အတွေ့အကြုံခရီးစဉ်”

၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက် (သောကြာနေ့) တွင် OMPEA နှင့် Trinity Nest တို့ ပူးပေါင်းစီစဉ်သည့် “ဒေသခံလူမှုရေးနှင့် စီးပွားရေး အတွေ့အကြုံခရီးစဉ်” တစ်ရပ်ကို စတင်ခဲ့ပါသည်။ အဆိုပါ ခရီးစဉ်

Read More