လုပ်ငန်းရှင်များ၊ မန်နေဂျာများ၊ ခေါင်းဆောင် Leader များအတွက် အထူး Seminar ဖြစ်သည့် Organization-Building Masterclass for Business Leaders အား ကျင်းပပြုလုပ်ခဲ့ခြင်း။

ပြည်ပရောက် မြန်မာပရော်ဖက်ရှင်နယ်နှင့် လုပ်ငန်းရှင်များအသင်း (Overseas Myanmar Professionals and Entrepreneurs Association-OMPEA) အသင်းသည် လူမှုရေးအသင်းအဖွဲ့ဖြစ်သည်နှင့်အညီ၊ ဂျပန်-မြန်မာ လူ့အဖွဲ့အစည်းနှစ်ရပ်၏ ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ရန် ရည်ရွယ်လျက် လုပ်ငန်းရှင်များ၊ မန်နေဂျာများ၊ ခေါင်းဆောင် (Leader) များအတွက် အထူး Seminar တစ်ရပ်ကို ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၄ ရက်နေ့၊ မွန်းလွဲ ၁၃း၃၀နာရီမှ ၁၅း၀၀ နာရီအထိ၊ တိုကျိုမြို့ရှိ၊ TKP Garden City Shibuya, Conference Room D (TKPガーデンシティ渋谷、カンファレンスルームD) တွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။
အဆိုပါ Seminar တွင် မြန်မာနိုင်ငံအပါအဝင် နိုင်ငံတကာလုပ်ငန်းပေါင်းများစွာ၌ စီမံခန့်ခွဲမှု အတွေ့အကြုံပေါင်းများစွာ ရှိသူ၊ Mr. Ken Matsumura မှ တိုးတက်သည့် လုပ်ငန်းတစ်ခုဖြစ်ရန်၊ အဖွဲ့အစည်းအား တည်ဆောက်ပုံ၊ စနစ်များ ချမှတ်ပုံ၊ စီမံခန့်ခွဲမှု အစရှိသည်တို့ကို ဆွေးနွေးပို့ချခဲ့ပါသည်။ Mr. Ken Matsumura သည် ၎င်း၏ နိုင်ငံတကာ၌ နှစ်ပေါင်း (၄၀) ခန့်၊ စီမံခန့်ခွဲမှုအတွေ့အကြုံများကို အခမ်းအနားသို့ တက်ရောက်လာ သူများအား မျှဝေပေးခဲ့ပါသည်။
ထို့နောက် ပြည်ပရောက် မြန်မာပရော်ဖက်ရှင်နယ်နှင့် လုပ်ငန်းရှင်များအသင်း (Overseas Myanmar Professionals and Entrepreneurs Association-OMPEA) အသင်း၏ ဥက္ကဌဖြစ်သူ ဦးကြည်သူရှိန်က “OMPEA သည် နိုင်ငံရေးရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းသည့် အဖွဲ့အစည်းမဟုတ်ဘဲ၊ မြန်မာ့လူမှုအသိုက်အဝန်းတွင် တစ်ဖက် တစ်လမ်းမှ ကောင်းကျိုးပြုနိုင်ရေးအတွက် လက်လှမ်းမီရာများ၊ တတ်နိုင်သည်များကို အုတ်တချပ်၊ သဲတပွင့်အဖြစ် ကောင်းကျိုးပြုပေးနိုင်ရန် လူမှုရေးရည်ရွယ်ချက်အရ ဖွဲ့စည်းထားသည့်အဖွဲ့အစည်းဖြစ်ကြောင်း၊ အဖွဲ့အစည်း၏ မူလရည်ရွယ်ချက်အရ ဂျပန်- မြန်မာ လူမှုအသိုက်အဝန်း (၂) ရပ်ကို ချိတ်ဆက်၍ မြန်မာလူမျိုးများအကြား အသိပညာ၊ အတတ်ပညာများ ဆည်းပူးခွင့် ရရှိရေးနှင့် ထွန်းကားပြန့်ပွားလာရေး၊ ဤအတတ်ပညာ၊ အသိပညာများ ဖြင့် မိမိတို့ လူမှုအသိုက်အဝန်း အား ပိုမိုအကျိုးပြုခွင့် ရရှိရေးအတွက် ကွန်ယက်သဖွယ် အသုံးချကာ မြန်မာနိုင်ငံ သားများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိရေး၊ စီးပွားရေးလုပ်ငန်းရှင်များ ဖြစ်လာနိုင်သည်အထိ အချင်းချင်း ကူညီပံ့ပိုး အားဖြည့်ခြင်းဖြင့် ကမ္ဘာ့အလယ်တွင် မြန်မာ နိုင်ငံသားများ၏ ပုံရိပ်ကောင်းများ ပိုမိုဖြစ်ထွန်း လာရေး အတွက် ပူးပေါင်းဆောင်ရွက်သွားကြရန် ရည်ရွယ်ရင်းဖြစ်ကြောင်း၊ ယခုပြုလုပ်ကျင်းပသည့် Seminar မှာ OMPEA အဖွဲ့၏ ကမကထ ပြုမှုဖြင့် ပထမဦးဆုံးပြုလုပ်ကျင်းပသည့် Seminar ဖြစ်ကြောင်း၊ နောင်တွင် ပိုမို ကျယ်ပြန့်သည့် Seminar များ ပြုလုပ်သွားရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း” စသည်ဖြင့် ဆွေးနွေးပြောကြားခဲ့ ပါသည်။
အဆိုပါ Seminar သို့ ပြည်ပရောက် မြန်မာပရော်ဖက်ရှင်နယ်နှင့် လုပ်ငန်းရှင်များအသင်း (Overseas Myanmar Professionals and Entrepreneurs Association-OMPEA) အသင်း၏ အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ တက်ရောက်ရန် စာရင်းပေးသွင်းထားသူ လူဦးရေ ၃၀ ခန့် တက်ရောက်ခဲ့ပါသည်။
ပြည်ပရောက် မြန်မာပရော်ဖက်ရှင်နယ်နှင့် လုပ်ငန်းရှင်များအသင်း (OMPEA)
ရက်စွဲ၊ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်။

関連記事(かんれんきじ)

Japan Business Kickoff Webinar ကျင်းပပြုလုပ်ခဲ့ခြင်း

ဂျပန်နိုင်ငံတွင် စီးပွါးရေးချဲ့ထွင်ရန် စိတ်ကူးရှိနေသည့် မြန်မာလုပ်ငန်းရှင်များအတွက် OMPEA ၏ မိတ်ဖက်အဖွဲ့အစည်းတခုဖြစ်သည့် Suriya က “Japan Business Kickoff – A Strategic Roadmap for Myanmar and SMEs

Read More

OMPEA  နှင့် Trinity Nest တို့မှ ပူးပေါင်းစီစဉ်သည့် “ဒေသခံလူမှုရေးနှင့် စီးပွားရေး အတွေ့အကြုံခရီးစဉ်”

၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက် (သောကြာနေ့) တွင် OMPEA နှင့် Trinity Nest တို့ ပူးပေါင်းစီစဉ်သည့် “ဒေသခံလူမှုရေးနှင့် စီးပွားရေး အတွေ့အကြုံခရီးစဉ်” တစ်ရပ်ကို စတင်ခဲ့ပါသည်။ အဆိုပါ ခရီးစဉ်

Read More