OMPEA နှင့် Suriya တို့ ပူးပေါင်းကျင်းပသည့် ဗီဇာဆိုင်ရာ ဆွေးနွေးပွဲ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ခြင်း။ OMPEA–Suriya ပူးတွဲဗီဇာ သတင်းအချက်အလက် ဆွေးနွေးပွဲ အောင်မြင်စွာ ကျင်းပနိုင်ခဲ့

ဂျပန်နိုင်ငံအတွင်း နေထိုင်လုပ်ကိုင်နေသော မြန်မာလူငယ်များအတွက် ဂျပန်ဗီဇာနှင့်နေထိုင်ခွင့်ဆိုင်ရာ အသိပညာများ မျှဝေပေးရန် ရည်ရွယ်၍ OMPEA အသင်းနှင့် Suriya လုပ်ငန်းတို့ ပူးပေါင်းကျင်းပသည့် ဆွေးနွေးပွဲတစ်ရပ်ကို၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်နေ့က Chiba City Culture Center (千葉市文化センター) ၌ အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည်။

အခမ်းအနားကို မိနစ် ၁၂၀ ကြာ ကျင်းပခဲ့ပြီး အစီအစဉ်ဖတ်ကြားခြင်းနှင့် အခမ်းအနားစတင်ခြင်းဖြင့် ဖွင့်လှစ်ခဲ့သည်။ ထို့နောက် OMPEA အသင်းအကြောင်းကို အသင်း၏ဥက္ကဌဖြစ်သူ ကိုကြည်သူရှိန်မှ မိတ်ဆက်ရှင်းလင်းပြောကြားခဲ့ပြီး၊ Suriya လုပ်ငန်းအကြောင်းကို ကိုအောင်မြင်သူကျော်မှ ဆက်လက် မိတ်ဆက်ပြောကြားခဲ့သည်။

အခမ်းအနား၏ အဓိကအပိုင်းဖြစ်သည့် Panel Discussion ကို ပထမပိုင်းနှင့် ဒုတိယပိုင်းခွဲ၍ စုစုပေါင်း မိနစ် ၅၀ ခန့် ကျင်းပခဲ့ရာ ကိုကြည်သူရှိန်၊ မစုမြန်မာ၊ ကိုအောင်မြင်သူကျော်၊ ကိုမင်းခန့်လင်းတို့အပြင် ဒုတိယပိုင်းတွင် Mr. Ishikawa Masayuki (ဂျပန်နိုင်ငံ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ဗီဇာပိုင်းဆိုင်ရာရှေ့နေ) ပါဝင်ဆွေးနွေးခဲ့ကြသည်။ စကားဝိုင်းအတွင်းတွင် ပါဝင်သူများ၏ ကိုယ်တွေ့ ဗီဇာအတွေ့အကြုံများ၊ ယခင်ရရှိခဲ့ဖူးသည့် ဗီဇာအမျိုးအစားများနှင့် ၎င်းတို့၏ အတွေ့အကြုံများကို မျှဝေပေးခဲ့ကြသည်။

ထို့အပြင် တိုခုတဲခဆုဒိုး (特定技能) ဗီဇာနှင့်ပတ်သက်၍ အမျိုးအစားများ၊ အားသာချက်နှင့် အားနည်းချက်များ၊ သုံးသင့်-မသုံးသင့် ကိစ္စရပ်များအပြင် misuse/abuse ဖြစ်နိုင်ခြေများကိုလည်း ဆွေးနွေးခဲ့ကြသည်။ ဂျပန်နိုင်ငံဝန်ကြီးချုပ်အသစ်လက်ထက်တွင် ဖြစ်ပေါ်လာနိုင်သည့် ဗီဇာမူဝါဒဆိုင်ရာ ပြောင်းလဲမှုများကို ကျောင်းသားဗီဇာ၊ Gi-jin-koku၊ SSW၊ တိုခုတဲခဆုဒိုး၊ PR၊ နိုင်ငံသားနှင့် မှီခိုဗီဇာ အမျိုးအစားများအလိုက် ခွဲခြမ်းစိတ်ဖြာ၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့နောက် ပရိသတ်များမှ တင်သွင်းထားသည့် မေးခွန်းများနှင့် Suriya သို့ အများဆုံး မေးမြန်းလေ့ရှိသော ဗီဇာဆိုင်ရာမေးခွန်းများကို Panelists များမှ ဖြေကြားပေးခဲ့ပြီး Free Q & A အပိုင်းတွင်လည်း ပရိသတ် များက တိုက်ရိုက် မေးမြန်းနိုင်ခဲ့ကြသည်။ မေးဖြေကဏ္ဍကို စုစုပေါင်း မိနစ် ၃၀ ခန့် ပြုလုပ်ခဲ့ပြီး ပါဝင်သူ များ အတွက် အသုံးဝင်သော လက်တွေ့အကြံပြုချက်များစွာကို ရရှိခဲ့ကြောင်း သိရသည်။

အခမ်းအနား၏ နောက်ဆုံးပိုင်းတွင် OMPEA အသင်းဝင်ရန် လမ်းညွှန်ချက်များကို OMPEA ရုံးအဖွဲ့ တာဝန်ခံ မရှုမဝမှ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် အဝေးဆုံးဒေသ/နေရာမှ အခမ်းအနားသို့ တက်ရောက်ခဲ့သူအား OMPEA ၏ ဥက္ကဌဖြစ်သူ ကိုကြည်သူရှိန်မှ အမှတ်တရ ဆုလက်ဆောင် ချီးမြှင့်ခဲ့ ကာ အခမ်းအနားသို့ တက်ရောက်လာသူအားလုံးနှင့်အတူ အမှတ်တရ ဓာတ်ပုံများ ရိုက်ကူးခဲ့ပါသည်။

関連記事(かんれんきじ)

Business Essentials for Myanmar Business Persons” Seminar အား အောင်မြင်စွာ ကျင်းပခဲ့နိုင်ခဲ့ခြင်း။

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ပြည်ပရောက် မြန်မာပညာရှင်များနှင့် လုပ်ငန်းရှင်များအသင်း (OMPEA) မှ ကြီးမှူး၍ ဂျပန်နိုင်ငံရောက် မြန်မာပညာရှင်များနှင့် စီးပွားရေးလုပ်ငန်းရှင်များအတွက် ရည်ရွယ်သည့် အထူးဟောပြောပွဲတစ်ခုကို အောင်မြင်စွာ ကျင်းပခဲ့ပါသည်။ အဆိုပါ အခမ်းအနားကို

Read More