Japan Business Kickoff Webinar ကျင်းပပြုလုပ်ခဲ့ခြင်း

ဂျပန်နိုင်ငံတွင် စီးပွါးရေးချဲ့ထွင်ရန် စိတ်ကူးရှိနေသည့် မြန်မာလုပ်ငန်းရှင်များအတွက် OMPEA ၏ မိတ်ဖက်အဖွဲ့အစည်းတခုဖြစ်သည့် Suriya က “Japan Business Kickoff – A Strategic Roadmap for Myanmar and SMEs Expanding to Japan” Webinar ကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်နေ့၊ ဂျပန်စံတော်ချိန် ၁၇:၃၀ နာရီတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ဂျပန်နိုင်ငံသည် ခိုင်မာသည့် စီးပွားရေးစနစ်နှင့် အာရှလုပ်ငန်းရှင်များအတွက် အခွင့်အလမ်းများစွာရှိသည့် စျေးကွက်တစ်ခုဖြစ်သော်လည်း လုပ်ငန်းများစတင်ရာတွင် မှန်ကန်သည့် မဟာဗျူဟာလမ်းကြောင်း (Strategic Roadmap) ရှိခြင်းက အလွန်အရေးကြီးသဖြင့်၊ ထိုလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် ရည်ရွယ်လျက် ဤ Webinar ကို အထူးစီစဉ်ခဲ့ခြင်းလည်း ဖြစ်ပါသည်။ […]