Privacy Policy
ပြဋ္ဌာန်းသည့်ရက်စွဲ – စက်တင်ဘာလ ၂၁ ရက်၊ ၂၀၂၅ ခုနှစ်
ဥပဒေအရတည်ထောင်သောအမည် – ပြည်ပရောက်မြန်မာပရော်ဖက်ရှင်နယ်နှင့် လုပ်ငန်းရှင်များအသင်း (OMPEA)
၁။ ကိုယ်ရေးအချက်အလက် ကာကွယ်မှုဆိုင်ရာ ကြေညာချက်။
OMPEA (နောင်တွင် “အသင်း” ဟုရည်ညွှန်းသွားပါမည်) သည် လူတစ်ဦးဦးကို ခွဲခြားသိရှိနိုင်စေသော ကိုယ်ရေး ကိုယ်တာ အချက်အလက်အားလုံးနှင့် အထူးခွဲခြားသတ်မှတ်ချက်များ (နောင်တွင် စုပေါင်း၍ “ကိုယ်ရေး အချက် အလက်” ဟုရည်ညွှန်းပါမည်) အား ဂရုတစိုက်နှင့် သင့်တော်စွာ ကာကွယ်ရန် အရေးကြီးကြောင်း မှတ်ယူပါသည်။ သို့ရာတွင် ကိုယ်ရေးအချက်အလက်များနှင့် စပ်လျဉ်း၍ အမည်၊ ဆက်သွယ်ရန် အချက်အလက်၊ လူဦးရေဆိုင်ရာ အချက်အလက်နှင့် စီမံခန့်ခွဲရေး သို့မဟုတ် ပညာရေးဆိုင်ရာ လုပ်ငန်းစဉ်များမှတစ်ဆင့်ရရှိသော မည်သည့် ခွဲခြား သတ်မှတ်ထားသည့်အချက်မဆို အကန့်အသတ်ဖြင့်မဟုတ်ဘဲ ပါဝင်သည်။
အသင်းသည် အောက်ပါ ကိုယ်ရေးအချက်အလက် ကာကွယ်ရေးမူဝါဒအရ ကိုယ်ရေးအချက်အလက်များကို ကာကွယ်ခြင်း၊ စီမံခန့်ခွဲခြင်း၊ လုပ်ဆောင်ခြင်းနှင့် အသုံးပြုခြင်းတို့ကို ဆောင်ရွက်ရန် ကတိပြုပါသည်။
၂။ ဥပဒေနှင့် စည်းမျဉ်းများနှင့် လိုက်နာမှု
အသင်းသည် ဂျပန်နိုင်ငံနှင့် အသင်းလုပ်ငန်းလုပ်ကိုင်မှု၊ အခြားနိုင်ငံများ၏ ကိုယ်ရေးအချက်အလက်ကိုင်တွယ်ခြင်း ဆိုင်ရာ သက်ဆိုင်ရာဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများနှင့် အစိုးရမှ ထုတ်ပြန်သော လမ်းညွှန်ချက်များအားလုံးကို လိုက်နာသွားမည်ဖြစ်သည်။
၃။ သင့်တော်သော ကိုင်တွယ်ခြင်းနှင့် ကြီးကြပ်ခြင်း
အသင်းသည် အချက်အလက်စီမံခန့်ခွဲမှုအား ကြီးကြပ်ရန် သတ်မှတ်ထားသည့် ကိုယ်ရေးအချက်အလက် ကာကွယ် ရေး တာဝန်ခံတစ်ဦးထားရှိပါသည်။ အသင်းသည် ကိုယ်ရေးအချက်အလက်အား ခွင့်ပြုချက်မရှိသော အသုံးပြုမှု၊ ဆုံးရှုံးမှု၊ ပျက်စီးမှု၊ ပြောင်းလဲမှု သို့မဟုတ် ထုတ်ဖော်ပြောဆိုမှုများကို ကာကွယ်ရန်၊ ဘေးကင်းလုံခြုံရေးနှင့် ပြုပြင်ရေးဆိုင်ရာ ချမှတ်ထားသော သတ်မှတ်ချက်များကို လိုက်နာအကောင်အထည်ဖော်ဆောင်ရွက်ပါမည်။
အသင်းနှင့် ပူးပေါင်းဆောင်ရွက်သည့် ဝန်ထမ်းအားလုံးနှင့် ချိတ်ဆက်ထားသော ပုဂ္ဂိုလ်များသည် ကိုယ်ရေးအချက် အလက်အား သင့်လျော်စွာ ကိုင်တွယ်ဆောင်ရွက်နိုင်စေရန် ပုံမှန် လေ့ကျင့်သင်ကြားပေးမှုများနှင့် လမ်းညွှန်မှုများ ရရှိပြီးဖြစ်ပါသည်။
၄။ စုဆောင်းခြင်း၏ ရည်ရွယ်ချက်နှင့် အတိုင်းအတာ
အသင်းသည် ကိုယ်ရေးအချက်အလက် စုဆောင်းခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းစွာ သတ်မှတ်ထားပြီး အဆိုပါ ရည်ရွယ်ချက်အောင်မြင်ရန် လိုအပ်သော အတိုင်းအတာအတွင်း၌သာ ဆောင်ရွက်ပါမည်။
ပုံမှန် ရည်ရွယ်ချက်များမှာ –
- အသင်းဝင်အဖြစ် မှတ်ပုံတင်ခြင်း
- ပွဲ/အခမ်းအနားများတွင် ပါဝင်ခြင်း
- ပညာရေးဆိုင်ရာ အရင်းအမြစ်များတွင် အသုံးပြုခြင်း
- သုတေသနလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ခြင်း
- စီမံခန့်ခွဲရေး လုပ်ငန်းစဉ်များ (ဥပမာ – ဗီဇာ၊ အသိအမှတ်ပြုလက်မှတ် သို့မဟုတ် ကျောင်းဝင်ခွင့် ကူညီပံ့ပိုးခြင်း)
၅။ ကိုယ်ရေးအချက်အလက် အသုံးပြုခြင်း
အသင်းသည် ကြိုတင်ခွင့်ပြုချက်ရရှိထားခြင်း သို့မဟုတ် ဥပဒေအရ အသုံးပြုရန် လိုအပ်သည်မှအပ သတ်မှတ်ထား သော ရည်ရွယ်ချက် အတိုင်းအတာ၌သာ ကိုယ်ရေးအချက်အလက်များကို အသုံးပြုပါမည်။ မည်သည့် အသုံးပြုမှု ကိုမဆို သက်ဆိုင်ရာပုဂ္ဂိုလ်၏ ကြိုတင်ခွင့်ပြုချက်ဖြင့်ဆောင်ရွက်ခြင်း (သို့မဟုတ်) ဥပဒေနှင့်အညီ ပြန်လည် သုံးသပ်မည် ဖြစ်ပါသည်။
၆။ ထုတ်ဖော်ခြင်းနှင့် အခြားသို့မျှဝေခြင်း
အသင်းသည် ကိုယ်ရေးအချက်အလက်များကို ရောင်းဝယ်ခြင်းပြုမည်မဟုတ်ပါ။ အသင်းသည် ပြင်ပအဖွဲ့အစည်း များသို့ ကိုယ်ရေးအချက်အလက် မျှဝေခြင်း ပြုလုပ်ပါက၊ အသုံးပြုရန် ရည်ရွယ်ချက်ဖော်ပြပြီး ကာယကံရှင်၏ ခွင့်ပြုချက်ဖြင့် (သို့မဟုတ်) လုပ်ငန်းအောင်မြင်ရန် လိုအပ်သော အတိုင်းအတာအတွင်း၌သာ ဆောင်ရွက်ပါမည်။ အသင်းသည် ထိုသို့သော အဖွဲ့အစည်းများ၏ တင်းကျပ်သော အချက်အလက် ကာကွယ်မှု စံချိန်စံညွှန်းများကို တိကျစွာ လိုက်နာပါမည်။
၇။ လျှို့ဝှက်မှုနှင့် အချက်အလက် စီမံခန့်ခွဲခြင်း
အသင်းသည် ကိုယ်ရေးအချက်အလက်၏ လျှို့ဝှက်မှုကို ကာကွယ်ပြီး သင့်လျော်စွာ စီမံခန့်ခွဲပါမည်။ ခွင့်ပြုချက်ရ ထားသော ဝန်ထမ်းများသာ အချက်အလက်များကို ဝင်ရောက်ကြည့်ရှုနိုင်ပြီး အချက်အလက်များကို သင့်လျော် သော နည်းပညာဆိုင်ရာနှင့် အဖွဲ့အစည်းဆိုင်ရာ ကာကွယ်မှုများကို အသုံးပြု၍ လုံခြုံစွာ သိမ်းဆည်းထားပါမည်။
၈။ အချက်အလက် ကာကွယ်ရေး စနစ်များ၏ ဆက်လက်တိုးတက်မှု
အသင်းသည် ၎င်း၏ အချက်အလက် ကာကွယ်ရေး မူဘောင်အား ဆက်လက်တိုးတက်စေရန် သေချာစေရန် အတွက် အတွင်းပိုင်း စည်းမျဉ်းများနှင့် စနစ်များကို ထိန်းသိမ်းထားပါမည်။ ၎င်းတွင် ဥပဒေရေးရာနှင့် နည်းပညာ ဆိုင်ရာ စံချိန်စံညွှန်းများ ပြောင်းလည်းတိုးတက်မှုများကို ထင်ဟပ်စေရန် ပုံမှန် မူဝါဒပြန်လည်သုံးသပ်ခြင်းများနှင့် update လုပ်ခြင်းများ ပါဝင်ပါမည်။
၉။ မေးမြန်းချက်များနှင့် တိုင်ကြားချက်များ
အသင်းသည် မေးမြန်းချက်များ၊ တိုင်ကြားချက်များနှင့် တောင်းဆိုမှုများအား စစ်မှန်စွာ တုံ့ပြန်ဖြေကြားနိုင်ရန် သီးသန့် ဆက်သွယ်ရန် နေရာတစ်ခုကို ထူထောင်ထားပါသည်။ အသင်းမှ ရရှိထားသော ကိုယ်ရေးအချက်အလက် များကို ထုတ်ဖော်ရန်၊ ပြင်ဆင်ရန်၊ ဖျက်ရန် သို့မဟုတ် အသုံးပြုခြင်းကို ရပ်တန့်ရန် မေးမြန်းသူများ၏ တောင်းဆိုမှု များကို အသင်းသည် သင့်လျော်စွာ တုံ့ပြန်ဆောင်ရွက်ပေးပါမည်။
ကိုယ်ရေးအချက်အလက် ကာကွယ်မှု မူဝါဒဆိုင်ရာ ဆက်သွယ်ရန်
အသင်းသည် ဤကိုယ်ရေးအချက်အလက် ကာကွယ်မှု မူဝါဒနှင့် ကိုက်ညီမှုမရှိဟု သံသယရှိပါက သို့မဟုတ် ဤ ကိုယ်ရေးအချက်အလက် ကာကွယ်မှု မူဝါဒနှင့် ပတ်သက်၍ မေးခွန်းများရှိပါက အောက်ပါအတိုင်း ဆက်သွယ်ပါရန်
ပြည်ပရောက်မြန်မာပရော်ဖက်ရှင်နယ်နှင့် လုပ်ငန်းရှင်များအသင်း
📧 အီးမေးလ် – info@ompea.org