OMPEA နှင့် Trinity Nest တို့မှ ပူးပေါင်းစီစဉ်သည့် “ဒေသခံလူမှုရေးနှင့် စီးပွားရေး အတွေ့အကြုံခရီးစဉ်”

၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက် (သောကြာနေ့) တွင် OMPEA နှင့် Trinity Nest တို့ ပူးပေါင်းစီစဉ်သည့် “ဒေသခံလူမှုရေးနှင့် စီးပွားရေး အတွေ့အကြုံခရီးစဉ်” တစ်ရပ်ကို စတင်ခဲ့ပါသည်။ အဆိုပါ ခရီးစဉ် သည် Chiba–Sosa Tako Area နေ့ချင်းပြန်ခရီးစဉ်ဖြစ်ပြီး၊ ဒေသခံလူမှုရေးနှင့် စီးပွားရေး လှုပ်ရှားမှုများကို တိုက်ရိုက်လေ့လာနိုင်ရန် ရည်ရွယ်သည့် ခရီးစဉ်ဖြစ်သည့်နည်းတူ၊ သဘာဝအလှအပ၊ ယဉ်ကျေးမှု အမွေအနှစ်များနှင့် Community-building အတွေ့အကြုံများကို အပြည့်အဝ ပေါင်းစပ်ပေးနိုင်ခဲ့သည့် ခရီးစဉ်လည်း ဖြစ်သည်ဟု ထင်မြင်မိပါသည်။ ထိုနေ့၊ နံနက် ၁၀ နာရီတွင် ခရီးစဉ်၌ လိုက်ပါမည့်သူများသည် Narita International Airport တွင် စုဝေးကာ ဘတ်စ်ဖြင့် ခရီးစဉ်ကို စတင်ခဲ့ကြပါသည်။ […]