OMPEA နှင့် Suriya တို့ ပူးပေါင်းကျင်းပသည့် ဗီဇာဆိုင်ရာ ဆွေးနွေးပွဲ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ခြင်း။ OMPEA–Suriya ပူးတွဲဗီဇာ သတင်းအချက်အလက် ဆွေးနွေးပွဲ အောင်မြင်စွာ ကျင်းပနိုင်ခဲ့

ဂျပန်နိုင်ငံအတွင်း နေထိုင်လုပ်ကိုင်နေသော မြန်မာလူငယ်များအတွက် ဂျပန်ဗီဇာနှင့်နေထိုင်ခွင့်ဆိုင်ရာ အသိပညာများ မျှဝေပေးရန် ရည်ရွယ်၍ OMPEA အသင်းနှင့် Suriya လုပ်ငန်းတို့ ပူးပေါင်းကျင်းပသည့် ဆွေးနွေးပွဲတစ်ရပ်ကို၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်နေ့က Chiba City Culture Center (千葉市文化センター) ၌ အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည်။ အခမ်းအနားကို မိနစ် ၁၂၀ ကြာ ကျင်းပခဲ့ပြီး အစီအစဉ်ဖတ်ကြားခြင်းနှင့် အခမ်းအနားစတင်ခြင်းဖြင့် ဖွင့်လှစ်ခဲ့သည်။ ထို့နောက် OMPEA အသင်းအကြောင်းကို အသင်း၏ဥက္ကဌဖြစ်သူ ကိုကြည်သူရှိန်မှ မိတ်ဆက်ရှင်းလင်းပြောကြားခဲ့ပြီး၊ Suriya လုပ်ငန်းအကြောင်းကို ကိုအောင်မြင်သူကျော်မှ ဆက်လက် မိတ်ဆက်ပြောကြားခဲ့သည်။ အခမ်းအနား၏ အဓိကအပိုင်းဖြစ်သည့် Panel Discussion ကို ပထမပိုင်းနှင့် ဒုတိယပိုင်းခွဲ၍ စုစုပေါင်း မိနစ် ၅၀ ခန့် […]