လုပ်ငန်းရှင်များ၊ မန်နေဂျာများ၊ ခေါင်းဆောင် Leader များအတွက် အထူး Seminar ဖြစ်သည့် Organization-Building Masterclass for Business Leaders အား ကျင်းပပြုလုပ်ခဲ့ခြင်း။

ပြည်ပရောက် မြန်မာပရော်ဖက်ရှင်နယ်နှင့် လုပ်ငန်းရှင်များအသင်း (Overseas Myanmar Professionals and Entrepreneurs Association-OMPEA) အသင်းသည် လူမှုရေးအသင်းအဖွဲ့ဖြစ်သည်နှင့်အညီ၊ ဂျပန်-မြန်မာ လူ့အဖွဲ့အစည်းနှစ်ရပ်၏ ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ရန် ရည်ရွယ်လျက် လုပ်ငန်းရှင်များ၊ မန်နေဂျာများ၊ ခေါင်းဆောင် (Leader) များအတွက် အထူး Seminar တစ်ရပ်ကို ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၄ ရက်နေ့၊ မွန်းလွဲ ၁၃း၃၀နာရီမှ ၁၅း၀၀ နာရီအထိ၊ တိုကျိုမြို့ရှိ၊ TKP Garden City Shibuya, Conference Room D (TKPガーデンシティ渋谷、カンファレンスルームD) တွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။အဆိုပါ Seminar တွင် မြန်မာနိုင်ငံအပါအဝင် နိုင်ငံတကာလုပ်ငန်းပေါင်းများစွာ၌ စီမံခန့်ခွဲမှု အတွေ့အကြုံပေါင်းများစွာ ရှိသူ၊ Mr. Ken Matsumura […]